ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေးရှောင်တခင်စစ်ဆေး

ဥတ္တရသီရိ ဖေဖော်ဝါရီ  ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်အတွင်း မော်တော်ယာဉ်မောင်းနှင်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာနိုင်ရေးနှင့် ယာဉ်မတော်တဆမှုများ မဖြစ်ပွားစေရေး ရည်ရွယ်၍ ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ဥတ္တရသီရိဆေးရုံအနီး၌ ဆောင်ရွက် လျက်ရှိသည်။

အဆိုပါ စစ်ဆေးခြင်းတွင် ဥတ္တရသီရိမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စု(၃)မှ ဒုရဲအုပ်စုရှိန် ဦးဆောင်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက မော်တော်ယာဉ် မောင်းနှင်သူများ ယာဉ်လိုင်စင် ရှိမရှိ၊ ယာဉ်မောင်း လိုင်စင်ရှိမရှိ၊ ဆိုင်ကယ်စီး ဦးထုပ်ပါမပါနှင့် နှစ်ဦးထက် ပိုမိုစီးနှင်သူများကို စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)