ပုဗ္ဗသီရိမြို့နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိ​မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌ အခမဲ့ ဖြန့်ဝေခဲ့သည်။

အဆိုပါလက်ကမ်း စာစောင်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ် အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်၊ ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နှုတ်ချက်၊ ပြည်ထောင်စုနေ့ဆိုင်ရာ အသိပညာပေးစာစုများ၊ ကဗျာ၊ ကာတွန်းများစသည့် အကြောင်းအရာများ ပါဝင်ပြီး ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များအနေဖြင့် မိမိတို့နိုင်ငံ၏ အထင်ကရ နေ့ထူးနေ့မြတ် များကို မမေ့လျော့ဘဲ အစဉ်အမြဲအမှတ်ရစေရန်နှင့် အဆိုပါနေ့ရက်များ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ပိုမိုလေ့လာသိရှိကြပြီး ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်၍ နိုင်ငံ့အကျိုးပြု လူငယ်၊ လူရွယ်များဖြစ်ထွန်း ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ပြည်ထောင်စုနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)