အထကမိုင်းနောင်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

မိုင်းနောင် ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့၌ ကျရောက်သော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အခမဲ့ဖြန့်ဝေပေးခဲ့သည်။

မိုင်းနောင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် သမိုင်းကြောင်းများ၊ ပြည်ထောင်စုစိတ်ဓာတ်၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်တို့နှင့် တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့ အေးအတူပူအမျှ လက်တွဲလျှောက်လှမ်းနိုင်ရေးတို့အတွက် သိရှိရမည့်အချက်အလက်များ လေ့လာနိုင်ရန်နှင့် မိမိတို့နိုင်ငံနှင့် လူမျိုးအတွက် အထွတ်အမြတ်ထားရမည့် နေ့ကြီးရက်ကြီးများကို အစဉ်တန်ဖိုးတတ်စေရန် ရည်ရွယ်၍ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ၂၀၂၃ ခုနှစ်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို အထက်တန်း၊ အလယ်တန်း၊ မူလတန်းပြ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံး ဖတ်ရှုလေ့လာနိုင်ရန် ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)