ခမောက်ကြီးမြို့တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်း စကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ခမောက်ကြီး ဖေဖော်ဝါရီ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို  ယနေ့နံနက်ပိုင်းက အ.ထ.ကခမောက်ကြီးကျောင်းတွင် အခမဲ့ဖြန့်ဝေခဲ့သည်။

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ (အခမဲ့) ထုတ်ဝေခြင်းဖြစ်ပြီး အဆိုပါ လက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ် အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နှုတ်ချက်၊ ပြည်ထောင်စု နေ့ဆိုင်ရာအသိပညာပေး စာစုများ၊ကဗျာ၊ ကာတွန်းများစသည့် အကြောင်းအရာများ ပါဝင်ပါ သည်။

ကျောင်းသား၊ ကျောင်းသူ၊လူငယ်လူရွယ်များအနေဖြင့် မိမိတို့နိုင်ငံ၏ အထင်ကရနေ့ထူး နေ့မြတ်များကို မမေ့လျော့ဘဲအစဉ်အမြဲအမှတ်ရစေရန်နှင့် အဆိုပါနေ့ရက်များ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ပိုမိုလေ့လာသိရှိကြပြီးပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်၍ နိုင်ငံ့ အကျိုးပြုလူငယ်၊ လူရွယ်များ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်ရည်ရွယ်၍ အဆိုပါ အထိမ်းအမှတ်နေ့လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။

ခမောက်ကြီး(ပြန်/ဆက်)