ကျောက်တန်း ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့ စံချိန်မီရပ်ကွက်ရှိ "ထူးချွန်"ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ မီးဘေးလုံခြုံရေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲ၌ "ထူးချွန်" ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်လေးနွယ်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကျောက်တန်းမြို့နယ်မီးသတ်ဦးစီးမှူးဦးအောင်ကျော်ဝင်းမှ မီးလောင်ရခြင်း အကြောင်းအရင်းများဖြစ်နိုင်သည့် စက်သုံးဆီ၊ ဂတ်စ်၊ မီးကြွင်းမီးကျန်များ၊ ဟောင်းနွမ်းပေါက်ပြဲ လျှပ်စစ်ဝါယာကြိုးများ၊ ခြင်ဆေးခွေ၊ ဖယောင်းတိုင်မီးစသည့်တို့ကြောင့် မီးလောင်ရခြင်းအမျိုးမျိုး မီးလောင်မှုဖြစ်ပွားလာပါက မီးငြှိမ်းသတ်နည်းလမ်းများ မီးသတ်ဆေးဘူး အသုံးပြုပုံအဆင့်ဆင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာရမည့် ဆောင်ရန်၊ ဆောင်ရန်များကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြုံတွေ့လာပါက မီးသတ်ဆေးဘူးအသုံးပြု၍အရေးပေါ် အလွယ်တကူမီးငြှိမ်းသတ်နိုင်ရန် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)