ရွှေပြည်သာမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ရွှေပြည်သာ   ဖေဖော်ဝါရီ  ၉

ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ၊ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်အထိမ်းအမှတ်နေ့များ၊ နေ့ထူးနေ့မြတ်များတွင်ပြပွဲ၊ ပြိုင်ပွဲများ၊ အသိပညာပေးဟောပြောပွဲများကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉:၃၀)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community  Center ခန်းမ၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပကြောင်း သိရသည်။

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲတွင် ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ဦးစီအရာရှိဒေါ်အေးအေးမိုးက ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့်အကြောင်းအရာများအား ကျောင်းသား/သူများကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/ သူများ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသားမိဘများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသောစာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို စိတ်ဝင်စားစွာလည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း (ရွှေပြည်သာ)