သီပေါ ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း(Women Club)နှင့် လူငယ်အသင်း(Youth Club)တို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဂျူးမီမီအောင်က သဘာဝဘေးအန္တရာယ်များ ကျရောက်ပါ ဆောင်ရန်/ရှောင်ရန်နည်းလမ်းများ၊ ကူညီထောက်ပံ့ပေးမှုအခြေအနေများအား အသိပညာပေးဆွေးနွေးခဲ့ပြီး(Book Club) အဖွဲ့ဝင်ဦးမျိုးပိုင်သက်၊ (Women Club)အဖွဲ့ဝင်ဒေါ်နန်းခမ်းဟိန်း၊ ဒေါ်လင်းလင်းထွန်း၊ လူငယ်အသင်း(Youth Club)အဖွဲ့ဝင် မမြမဉ္ဇူ၊ မသင်းရတနာတို့က သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းခဲ့ကြကြောင်း၊ အဆိုပါအသိပညာပေးဆွေးနွေးပွဲများကို စာပေဝါသနာရှင်များ၊ ဖွဲ့စည်းထားသော Club အသင်းအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)