ချမ်းအေးသာစံ ဖေဖော်ဝါရီ ၉
၂၀၂၃ ခု နှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး နိုင်ငံ့ချစ်စိတ်မျိုးချစ်စိတ်များ ရှင်သန်ထက်မြက် လာစေရန်အတွက် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ လွတ်လပ်ရေးဗိသု ကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၆ ခုနှစ် ဇန်နဝါရီ လ (၂၀)ရက်နေ့က ဖဆပလအဖွဲ့ချုပ် ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၂-၂-၂၀၂၂ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ပြည်ထောင်စုကြီး အဓွန့်ရှည်ဖို့ .. ဒို့ညီနောင် တိုင်းရင်းသားတို့ ထာဝစဉ်သွေးစည်း ညီညွတ်ကြပါစို့၊ စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့ တိုင်းရင်းသားများ စည်းလုံးအားဖြင့် လက်တွဲမပြတ်ရှေ့သို့ဆက် ဆောင်ပုဒ်၊ ဂုဏ်ပြုကဗျာနှင့်ကာတွန်းများ စသည်တို့ ပါဝင်သည့် လက်ကမ်းစာစောင်များကို အသိပညာပေး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တင်ဇာလှိုင်(ပြန်/ဆက်)