ကော့သောင်း ဖေဖော်ဝါရီ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က နဝရတ်အားကစားခန်းမတွင်လူငယ်စကားဝိုင်းဆွေးနွေးပွဲပြုလုပ်ခြင်း၊စာအုပ်၊စာစောင်များခင်းကျင်းပြသခြင်းများပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲနှင့်ပြပွဲသို့ အ.ထ.က(ခွဲ)၊ အ.လ.က(၂)ရွှေမင်းဝံကျောင်း ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ်လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြသည်။
ယင်းနောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုလူငယ်နှင့် Social Media၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့် အားကစား၊ ကျန်းမာခြင်းသည်လာဘ်တစ်ပါး၊ အချိန်နှင့်ဒီရေသည် လူကိုမစောင့်စသည့်ခေါင်းစဉ်များဖြင့် စိတ်ပါဝင်စားစွာ ဆွေးနွေးခဲ့ကြပြီး စာအုပ်ပြပွဲမှ အသိပညာဗဟုသုတရဖွယ် စာအုပ်၊ စာစောင်များ လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)