ကွတ်ခိုင် ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကွတ်ခိုင်မြို့နယ်၊ လခွဲမ(၂)ကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းက မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို အမှတ်ရစေရန်၊ ဖေဖော်ဝါရီလ(၁၂) ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အခြားဗဟုသုတရဖွယ် အကြောင်းအရာများကို ဟောပြောခဲ့သည်။ ထို့နောက် ဗဟုသုတရရှိဖွယ် သုတ၊ ရသစာအုပ်များကို ခင်းကျင်းပြသထားရာ ကျောင်းသား/သူများက စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ပြီး မိမိတို့ဖတ်ရှုခဲ့သည် စာအုပ်များမှရရှိလာသည့် ဗဟုသုတများကိုလည်း ပြန်လည်မျှဝေပေးခဲ့ကြသည်။ ဆက်လက်၍ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာ နံရံကပ်၊ ဓာတ်ပုံနှင့် အခြားဗဟုသုတရဖွယ်အကြောင်းအရာများပါဝင်သည့် နံရံကပ်နှင့်ဓာတ်ပုံတို့ကိုလည်း ပြသထားရာ ကျောင်းသား/သူ များကစိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)