ကမာရွတ်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ကမာရွတ်   ဖေဖော်ဝါရီ   ၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ကျောင်းသားလူငယ်များ စာပေနှင့်ရင်းနှီးကျွမ်းဝင်ပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊  စာပေမှရရှိသည့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းအမှတ်(၄)၌ ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်ကွင်းဆင်းရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကမာရွတ်မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူးဒေါ်လှလှ​ထွေးက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာကိုသာမက ပြင်ပစာပေဗဟုသုတများနှင့်ဘာသာရပ်ပေါင်းစုံ၊ ရသပေါင်းစုံစာအုပ်များကို ဖတ်ရှု၊ လေ့လာ၊ မှတ်သားကြရန်၊ စာဖတ်ခြင်းဖြင့် အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ပြီး အသိပညာဗဟုသုတများစွာ ရရှိစေနိုင်ရန်စသည်ဖြင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်၊ ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာ နံရံကပ်စာစောင်ပြသခြင်းနှင့် သုတ၊ ရသစာအုပ်၊ စာစောင်များအား ငှာရမ်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)