ထန်းတပင်မြို့နယ်တွင် လူငယ်​ရေးရာအသိပညာ​ပေး​ ဟော​ပြောပွဲကျင်းပ

ထန်းတပင်(ရန်ကုန်) ဖေဖော်ဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အ.ထ.က (ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်လဲ့လဲ့အေးက လူငယ်နှင့်ပညာရေးကြောင်းတို့ကို တက်ရောက်လာကြသည့်ကျောင်းသား၊ကျောင်းသူများကို အသိပညာပေးဟောပြောခဲ့ပြီး လူငယ်များ အသိပညာဗဟုသုတများ ပွားလာစေရန်အတွက်လည်း စာဖတ်ကြရန်တို့ကို တိုက်တွန်းပြောကြားသည်။

ကျောင်းသား၊ ကျောင်းသူများအား မျိုးချစ်စိတ်ဓါတ်များ ရှင်သန်ထက်မြတ်စေရေး၊ အကျင့်စာရိတ္တကောင်းမွန်စေရေးနှင့် ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦးတို့ တက်ရောက်သည်။

ဇင်မင်းထိုက်(ထန်းတပင်)