လူငယ်များ ဘက်စုံအသိပညာ ဗဟုသုတတိုးပွားစေရန် လူငယ်စကားဝိုင်းကျင်းပ

ကိုကိုးကျွန်း  ဖေဖော်ဝါရီ  ၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းကျောင်းခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းကို အစီအစဉ် ၆ ခုဖြင့် ပြုလုပ်ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းမင်းမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးထွန်းထွန်းဇော်မှ လူငယ်စကားဝိုင်းပြုလုပ်ခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားခဲ့သည်။ ဆက်လက်၍ ကိုကိုးကျွန်းမြို့နယ် ပညာရေးကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာလှိုင်မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ Grade-10 မှ ကျောင်းသူမသဲဆုဝေမှ လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မောင်ကျော်ဇင်က လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-11 မှ မသေးသိမ့်သိမ့်အောင်မှ လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Greade-10 မှ မောင်ထက်ဝေထွန်းမှ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Greade-11 မှ မောင်ချမ်းမြေနိုင်မှ လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်းစသည့် ခေါင်းစဉ်များပါအကြောင်းအရာများကို အသီးသီးဆွေနွေးခဲ့ကြပြီး စာပေစကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည့်မေးခွန်များကို မေးမြန်းရာဆွေနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။ လူငယ်စကားဝိုင်းသို့ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

လူငယ်စကားဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်ဘုတ်များနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသထားရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)