လှိုင် ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ လူငယ်/လူရွယ်လေးများအနေဖြင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှု ထာဝစဉ် တည်တံ့ရေးနှင့် ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲအောင် ပြည်တွင်းအင်အားဖြင့် ကြိုးပမ်းတည်ဆောက်နိုင်စေရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ယနေ့ နံနက် ၁၀ နာရီက လှိုင်မြို့နယ် အ.ထ.က(၃)ကျောင်းတွင် အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ဝင်းသီတာမိုးက (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြို အသိပညာပေး ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်း၍ အသိပညာပေး ဟောပြောခဲ့ပြီး ကျန်းမာရေးအသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှု မှတ်သားခဲ့ကြောင်း သိရသည်။
ဝင်းသီတာမိုး (ပြန်/ဆက်)