ကလိန်အောင်မြို့တွင် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အကြို စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ကလိန်အောင် ဖေဖော်ဝါရီ ၉

အနာဂတ် မျိုးဆက်သစ်ကျောင်းသား၊ကျောင်းသူများ စာပေနှင့်ရင်းနှီးကျွမ်းဝင်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားရရှိလာစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရောက်ရှိမည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုစာအုပ်စာစောင်ပြပွဲကို ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ(၂) နာရီခွဲက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကလိန်အောင်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး(တာဝန်ပေး)ဒေါ်ခင်ခင်လဲ့ကကျောင်းသား၊ကျောင်းသူများအနေဖြင့် မမေ့သင့် မမေ့အပ်သော နေ့ထူးနေ့မြတ်များ အ‌‌ကြောင်းကိုသိရှိစေရန်၊ စာပေနှင့်ရင်းနှီးကျွမ်းဝင်စေရန်၊ သုတ/ရသစာပေများ ကိုခွဲခြားသိရှိစေရန်နှင့် စာကြည့် တိုက်အားအကျိုးရှိစွာ အသုံးပြုတ်စေရန်ရည်ရွယ်၍  သုတ/ရသစာပေများကိုစုံလင်စွာပြသပေးခဲ့ရာ အ-ထ-က၊ ကလိန်အောင် မှကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှု့ခဲ့ကြကြောင်းသိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)