ပလောက်မြို့တွင် ဒေသထွက်ဓနိလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ပလောက် ဖေဖော်ဝါရီ ၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်တွင် တစ်ပိုင်တစ်နိုင်ဒေသထွက်ဓနိလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပလောက်မြို့တွင် မိုးရာသီကာလ၌ ဝါးဓနိနှင့်ဆောက်လုပ်သည့် နေအိမ်အဆောက်အအုံများပြန်လည်ပြုပြင်ဆောင်ရွက်ခြင်း၊ အမိုးအကာများပြန်လည်ပြင်ဆင်မှုများကို ဆောင်ရွက်ကြသောကြောင့် ဓနိပျစ်ရောင်းချသူများ အဆင်ပြေလျက်ရှိသည်။ ဓနိပျစ်များသည် အရင်နှစ်က ဓနိပျစ်တစ်ရာလျှင် ငွေကျပ်တစ်သောင်းဈေးနှုန်းရရှိပြီး ယခုနှစ်တွင် ဓနိပျစ်တစ်ရာလျှင် ငွေကျပ်တစ်သောင်းခွဲအထိ ဈေးနှုန်းရရှိနေကြောင်းနှင့် ဓနိပျစ်များကို မြို့ပေါ်ရပ်ကွက်သာမက ကျေးရွာများကပါ လာရောက်ဝယ်ယူကြသဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိသည်ဟု အမှတ်(၁)ရပ်ကွက် ဓနိလုပ်ငန်းလုပ်ကိုင်သူ ဒေါ်အေးထံမှ သိရသည်။

နှင်းမြူလွင်