ညောင်ဦး ဖေဖော်ဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများနှင့် မီးခိုးမြူငွေ့ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းစဉ်များအတွက် မီးသတ်ဦးစီးဌာနနှင့် ညောင်ဦးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းစဉ်များအတွက် ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သည်နှင့်အညီ ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများလျော့နည်းကျဆင်းရေးအတွက် ရပ်ကွက်/ကျေးရွာများအတွင်းရှိ စက်ရုံ/အလုပ်ရုံများ၊ ဟိုတယ်/မိုတယ်/တည်းခိုခန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ ဈေးများနှင့် အခြားမီးဘေးစိုးရိမ်ရသောလုပ်ငန်းများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးအကြံပြုခြင်း၊ အသိပညာပေးဟောပြောပို့ချခြင်း၊ လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းရပ်များအား မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၏ လမ်းညွှန်ချက်နှင့်အညီ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၁)နာရီအချိန်က ညောင်ဦးမြို့နယ်၊ ငါ့သရောက်နယ်မြေ စခန်းတာဝန်ခံ လ/ထဦးစီးမှူး ဦးသန်းလှိုင် ဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ ငါ့သရောက်မြို့၊ အမှတ်(၂)ရပ်ကွက်၊ စျေးကုန်းရပ်ရှိ SUPER STAR စက်သုံးဆီအရောင်းဆိုင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စက်သုံးဆီဆိုင်အတွင်း အသင့်တပ်ဆင်ဖြည့်တင်းထားရှိသည့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများဖြစ်သော မီးသတ်ဆေးဘူးများ၊ Fire Ball များ၊ အပေါ့စားမီးသတ်စက်များနှင့် ရေသိုလှောင်ကန်များ အသင့်အနေထားရှိ/မရှိနှင့် စွမ်းအားပြည့် အသုံးပြုနိူင်စွမ်းရှိ/မရှိ လှည့်လည်စစ်ဆေးခြင်း၊ လျှပ်စစ်မီးသုံးစွဲမှုနှင့်ပတ်သက်၍ ဝါယာကြိုးသွယ်တန်းမှုများကောင်းမွန်မှုရှိ/မရှိနှင့် ယာယီမီးကြိုးများသွယ်တန်းမှုရှိ/မရှိ လှည့်လည်စစ်ဆေးအကြံပြုခြင်းလုပ်ငန်းများအား စစ်ဆေးအကြံပြုဆောင်ရွက်ခဲ့ကြသည်။
ဒီပါလင်း