မိုင်းစံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်းပေး

မိုင်းစံ ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက မိုင်းစံမြို့  အ-ထ-ကကျောင်းနှင့်မီးသတ်ရုံး၌ လှည့်လည်ငှားရမ်းပေးလျက်ရှိသည်။

ယင်းသို့ စာအုပ်/စာစောင်များလှည့်လည်ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်‌စေရန်၊ စာဖတ်သူတိုးပွားလာ‌စေရန်နှင့် စာကြည့် တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ စာပေဖတ်ရှုနိုင်ရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများတွင် သုတ/ရသ၊ မဂ္ဂဇင်းနှင့်ဝတ္ထုများကို စာဖတ်ပရိသတ်များလက်ဝယ်အရောက် လှည့်လည်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

မိုင်းစံ(ပြန်/ဆက်)