ဝမ်းတွင်းမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဝမ်းတွင်း ဖေဖော်ဝါရီ ၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (သဲတော-ဝမ်းတွင်း)၊ အခြေခံပညာ အထက်တန်းကျောင်း(သဲတော)တို့တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်“သတင်းစကား” လက်ကမ်းစာစောင်တွင် တွဲလက်ခိုင်ကျည် ပေါင်းစုညီ၊ တို့ညီနောင်ထု ပြည်ထောင်စု၊ စည်းလုံးညီညွှတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်၊ စုဖွဲ့ပြည်ထောင် လှေတစ်စင်းရယ်နဲ့၊ အေးအတူ ပူအမျှ၊ ညီညွှတ်ခြင်းသည် စွမ်းအင်၊ စည်းလုံးခြင်းသည် ခွန်အား၊ ပြည်ထောင်စု၏ နှလုံးသား စသည့် ကဗျာ ဆောင်းပါးများ ပါဝင်ပြီး ကျောင်းသားကျောင်းသူများအား အသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)