မိုင်းစံမြို့တွင်(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

မိုင်းစံ ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းစံမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ မိနစ် ၃၀ က မိုင်းစံမြို့ အ.ထ.က ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်(၅)ရပ်၊ တိုင်းရင်းသားစည်း လုံးညီညွတ်မှု၊ ရင်းနှီးချစ်ကြည်မှု၊ ပြည်ထောင်စု စိတ်ဓာတ်၏အဓိပ္ပာယ်များ၊ ထာဝစဉ်ထိမ်းသိမ်းစောင့်ရှောက်ရမည့် စစ်မှန်သောမျိုးချစ် စိတ်ဓာတ်၊ နိုင်ငံသားအားလုံးတွင် အပြည့်အဝတာဝန်ရှိ စသည့်အချက်များပါဝင်သည့် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူများသို့  အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။   

မိုင်းစံ(ပြန်/ဆက်)