ပျော်ဘွယ်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ပျော်ဘွယ် ဖေဖော်ဝါရီ ၉

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ၊ လူငယ်များအနေဖြင့် အသိပညာ ဗဟုသုတ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ မွေးမြူသွားနိုင်ရေး၊ စာစီစာကုံးပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ(၂၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ ဆုရရှိသူများကို ဖေဖော်ဝါရီလ (၁၃)ရက်နေ့၊ ကလေးများနေ့တွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး၊ ပြိုင်ပွဲပြီးနောက် မြို့နယ်ရုံးတွင် ပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)