ရမည်းသင်း ဖေဖော်ဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဖေဖော်ဝါရီ ၉ ရက် နံနက်(၉)နာရီခွဲက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကိုရမည်းသင်းမြို့ ၊အင်ကြင်ကန် ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးခိုင်ဇော်ကအမှာစကားပြောကြားပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွန်ကြား ရေးမှူးဒေါ်သိမ့်သိမ့်မျိုးက တိုင်းရင်းသားပေါင်းစုံသွေးစည်းညီညွတ်မှုကိုပြသနိုင်ခဲ့ပြီး ပြည်ထောင်စုတိုင်းရင်းသားတိုင်းမမေ့အပ်တဲ့နေ့ထူးနေမြတ်ဖြစ်တဲ့ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကိုရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။ အဆိုပါဟောပြောပွဲတွင်၊ အခြေခံပညာအလယ်တန်းကျောင်း (အင်ကြင်ကန်)ဆရာ၊ဆရာမ များနှင့်ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပြီး ရမည်းသင်းခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲတို့ကို ပြသရာဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများမှလေ့လာကြည့်ရှု့ခဲ့ကြကြောင်းသတင်းရရှိသည်။
ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)