လဲချားတွင် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် “သတင်းစကား”လက်ကမ်း စာစောင်များဖြန့်ဝေ

လဲချား ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၁၁) နာရီခွဲ အချိန်က အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းတွင်ဖြန့်ဝေခဲ့ပါသည်။

အဆိုပါလက်ကမ်းစာစောင်တွင်ဖြန့်ဝေရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးနှင့်ဝန်ထမ်းများက ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်ကို ဖြန့်ဝေခဲ့ပါသည်။ အဆိုပါ “သတင်းစကား” လက်ကမ်းစာစောင်တွင် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ တိုင်းရင်းသားစည်း လုံးညီညွတ်မှု၊ ရင်းနှီးချစ်ကြည်မှု၊ ပြည်ထောင်စုစိတ်ဓာတ်၏ အဓိပ္ပာယ်များ၊ ထာဝစဉ်ထိမ်းသိမ်းစောင့်ရှောက်ရမည့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၊ စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာနှင့် ကာတွန်းများ စသည့်အကြောင်းအရာများပါဝင်သည့် “သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား/သူများ လက်ဝယ်သို့  အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

လဲချား (မြို့နယ်ပြန်/ဆက်)