ကွမ်းလုံ ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံပညာအထက်တန်ကျောင်း(ကွမ်းလုံ)မှ ကျောင်းသား/ကျောင်းသူများဖြင့် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ကွမ်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဒုတိယဦးစီးမှူး ဒေါ်အိဇာချိုက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများနှင့်တကွ ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀) အမှတ်(၃)ပါ စာရေးဆရာ ချစ်နိုင်ရေးသားထားသည့် “ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း”ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းအား ပြုလုပ်ခဲ့ကြသည်။
ကွမ်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/ကျောင်းသူများနှင့် မိဘပြည်သူများအား အသိပညာဗဟုသုတတိုးပွားစေရန်အတွက် စာဖတ်ဝိုင်းများ၊ နယ်လှည့်စာကြည့်တိုက်များ၊ စာအုပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကို လစဉ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)