မဟာအောင်မြေမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်းများ၊ အကြုံပြုခြင်းလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

မဟာအောင်မြေ ဖေဖော်ဝါရီ ၉

မဟာအောင်မြေမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ၊ အစိုးရစာသင်ကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများအား မီးပေါ့ဆမှုမရှိစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ Myanmar International Academy(MIA) ကိုယ်ပိုင်အထက်တန်းကျောင်းသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းများကို မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူးမှကြီးကြပ်၍ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ Myanmar Internation Academy(MIA) ကိုယ်ပိုင်အထက်တန်းကျောင်းသို့သွားရောက်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်း၊ အကြုံပြုခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အခြား စာသင်ကျောင်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အများပြည်သူများ မီးဘေးအန္တရာယ်များအရေးပေါ်ကြုံလာရင် အမြန်ဆက်သွယ်နိုင်စေရန်အတွက်လည်း လူစည်ကားသည့် ရပ်ကွက်များ၊ ဈေးများတွင် မီးသတ်ဦးစီးဌာနများသို့ ဆက်သွယ်နိုင်စေရန် ဖုန်းနံပါတ်များပါရှိသည့် ပိုစတာများ လိုက်လံစိုက်ထူပေးလျက်ရှိကြောင်းလည်း သိရသည်။

အောင်ဇော်မင်း