သရက်ချောင်းမြို့နယ် (Community Centre) ခန်းမတွင်လူ ငယ်ရေးရာအသိပညာပေးဟော ပြောပွဲနှင့် ရုပ်ပုံပြ/ပုံပြောပြိုင်ပွဲနှင့် စာအုပ်/ စာစောင်ပြပွဲများဆောင်ရွက်

သရက်ချောင်း  ဖေဖော်ဝါရီ  

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများ စာအုပ်/စာပေများကို ချစ်မြတ်နိုးပြီး စာကြည့်တိုက်ကို အသုံးပြုသည့်အလေ့အထကောင်းများရှိလာစေရန်နှင့် ဉာဏ်ရည်/ဉာဏ်သွေးများ ထက်မြက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီခွဲအချိန်ကသရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ရုပ်ပုံပြ/ပုံပြောပြိုင်ပွဲနှင့် စာအုပ်/စာစောင်ပြပွဲများ ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နန်းခလိုက်ရှုက ကျောင်း သား/သူများအနေဖြင့် အသိပညာဗဟုသုတများတိုးပွားစေရန်၊ အကျင့်စာရိတ္တ ကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်းနှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းတို့ကိုအကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ပြီး ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့်ပတ်သက်၍ ကျောင်းသား/သူများအား ဉာဏ်စမ်းအမေးအဖြေများ ဆောင်ရွက်ခဲ့ပြီး အဖြေမှန်များအား အမှတ်တရလက်ဆောင်ပစ္စည်း များပေးအပ်ခဲ့သည်။

အခမ်းအနားအပြီးတွင် ခင်းကျင်းပြသထားသော မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ၊ သမိုင်းဝင်မှတ်တမ်းဓါတ်ပုံများ၊ မိန့်ခွန်းကောက်နှုတ်ချက်များကို နံရံကပ်စာစောင်များကို ကျောင်းသား/သူများ ကြည့်ရှုလေ့လာခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲတွင်ကျင်းပရာတွင် (အ.ထ.က)သရက်ချောင်းကျောင်းမှ ကျောင်းသား/သူများက "ကျေးညီနောင်" ပုံပြင်ကိုလည်းကောင်း၊ "အကြံကောင်းသောကြက်မ" ပုံပြင်ကိုလည်းကောင်း ရုပ်ပုံပြပြီးပြောကြားခဲ့ကြရာ မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်နန်းခလိုက်ရှုက အဆိုပါပုံပြင်များရဲ့မှတ်သားအတုယူဖွယ်၊ လေးစားဖွယ်ရာများကို ပြန်လည်သုံးသပ်ဆွေးနွေး ပေးခဲ့ပြီးအမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့နောက် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား ကျောင်းသား/သူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)