ဘုတ်ပြင်း ဖေဖော်ဝါရီ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာအထက်ကျောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ ဓာတ်ပုံနှင့်စာအုပ်စာစောင်များပြပွဲကို ယနေ့နံနက်က (Community Centre) ခန်းမတွင် ပြုလုပ်သည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းအရာများ၊ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြစ် မျိုးဆက်သစ်တို့ဆက်လက်ထိန်းသိမ်းရမည့် နေ့ထူးနေ့မြတ်များ အကြောင်းအား အသိပညာပေးပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သန်းဆင့်က ကဗျာရွတ်ဆိုပြိုင်ပွဲ ပြုလုပ်ရခြင်းနှင့် ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကိုကျင်းပရာ (အ-ထ-က)ဘုတ်ပြင်းကျေင်းမှ မူလတန်း ကျောင်းသား ကျောင်းသူ(၂၀)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲအပြီးတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ကျောင်းသား ကျောင်သူများကို မြို့နယ်ဦးစီးမှူး၊ ဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် နံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများနှင့် စာအုပ်စာစောင်များခင်းကျင်းပြသထားရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)