ကျောက်ဆည် ဖေဖော်ဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ငရုပ်သီးနှံ(၅၃၅၂)ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ်တွင်(၆၉၂)ငရုပ်မျိုးများ အဓကစိုက်ပျိုးကြပြီး ငရုပ်သီးနှံတစ်ဧက စိုက်ပျိုးမည်ဆိုက မျိုးထုပ်(၁၅)ထုပ်ခန့် ပျိုးထောင်ရကြောင်းကုန်ကျ စရိတ်အနေဖြင့် မြေပြင်သည်မှစ၍ အခင်းပျက်သည်အထိ ငွေကျပ် (၃၀)သိန်းခန့် ကုန်ကျစရိတ်ရှိကြောင်း ထွက်နှုန်းအနေဖြင့် တစ်ဧကအခြောက်တင်းပေါင်း(၃၀၀)မှ(၅၀၀)အထိထွက် ရှိကြောင်း ကုန်းကြီးကျေးရွာမှ ငရုပ်စိုက်တောင်သူ ဦးတင်လင်းကပြောပြသည်။
ငရုပ်သီးနှံများကို တိုက်နယ်(၁)တွင်(၉၇၂)ဧက၊ တိုက်နယ်(၂)တွင်(၆၂၉)ဧက၊ တိုက်နယ်(၃)တွင် (၃၂)ဧက၊ တိုက်နယ်(၄)တွင်(၁၁၃)ဧက၊ တိုက်နယ်(၆)တွင်(၆၀၆)ဧက၊ တိုက်(၈)တွင်(၄၅)ဧက၊ တိုက်နယ်(၉)တွင်(၃၀၇)ဧက၊ တိုက်နယ်(၁၀)တွင်(၁၄၆၆)ဧက၊ တိုက်နယ်(၁၁)တွင်(၉၆)ဧက၊ တိုက်နယ်(၁၂)တွင်(၁၀၈၆)ဧက စိုက်ပျိုးထားကြောင်း သိရသည်။
သက်မောင