မိုင်းဖြတ်မြို့နယ်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များ ခင်းကျင်းပြသ

မိုင်းဖြတ် ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့မှ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များခင်းကျင်းပြသခြင်းကို ယနေ့ နံနက် ၁၀နာရီက အ.ထ.က (မိုင်းဖြတ်)ရှိ ရွှေလီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က(မိုင်းဖြတ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အမာကြည်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မကြာမီအချိန်တွင် နွေရာသီကျောင်းပိတ်ရက်ရောက်ရှိတော့မည့်ဖြစ်သည့်အတွက် ကျောင်းပိတ်စဉ် အချိန်ကိုအကြိုရှိစွာ အသုံးချနိုင်ရေး၊ အသိပညာ၊ အတတ်ပညာများ လေ့လာသင်ယူနိုင်ရေးနှင့် စပ်လျဉ်းပြီး အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က “၂၁ရာစု လူငယ်မျိုးဆက်သစ်နှင့် နည်းပညာ”ခေါင်းစဉ်ဖြင့် လူငယ်များသည် အနာဂတ်နိုင်ငံ၏ ခွန်အားများဖြစ်ကြောင်းနှင့်စပ်လျဉ်းပြီး ရှင်းလင်းအသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)