ဆိပ်ကြီးခနောင်တို မြို့နယ်၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

ဆိပ်ကြီးခနောင်တို ဖေဖော်ဝါရီ ၉

ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ရောက်ရှိမည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို မြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးပြုလုပ်သည့် အလွတ်တန်း ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အားကစားခန်းမတွင် ပြုလုပ်လျက်ရှိသည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ရပ်ကွက်များရှိ ပိုက်ကျော်ခြင်း ဝါသနာပါသည့် လူငယ်များက အသင်း (၆) သင်းဖြင့် ဖေဖော်ဝါရီ (၉)ရက်၊ (၁၁)ရက်၊ (၁၂)ရက်နေ့များတွင် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး၊ ပထမဆု ငွေကျပ်တစ်သိန်း၊ ဒုတိယဆု ငွေကျပ် ခုနှစ်သောင်းငါးထောင် နှင့် တတိယဆုအဖြစ် ငွေကျပ် ငါးသောင်းတို့ကို ဆုအဖြစ် မြို့နယ်အားကစားနှင့် ကာယာပညာဦးစီးဌာနမှ ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ (IPRD)