သံတောင်ကြီး ဖေဖော်ဝါရီ ၉
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊နှင့်စာအုပ်စာစောင်ပြပွဲပြုလုပ်ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ နော်လော်မူက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်းရင်းသားခေါင်းဆောင်ကြီးများ ပင်လုံစာချုပ်ချုပ်ဆိုမှုများအားအကျယ်တစ်ဝင့်ပြောကြားပေးပြီးဒုတိယဦးစီးမှူး နော်နီလာအေးက ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့်အကြောင်း အရာများကိုရှင်းလင်းပြော ကြားခဲ့သည်။
ထိုနောက် စာအုပ်စာစောင်ပြပွဲ ခင်းကျင်းပြသဆောင်ရွက်ရာ ကျောင်းသူ ၊ကျောင်းသားများ ကစိတ်ပါဝင် စားစွာဖတ်မှတ်လေ့လာကြကြောင်းသိရသည်။
နော်နော်မူ