မိုင်းခတ်မြို့၌ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင်များထောက်ပံ့ပေးအပ်

မိုင်းခတ် ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်အတွက် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို  ယနေ့နံနက်၁၀နာရီအချိန်က မိုင်းခတ်မြို့၊ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂) ရပ်ကွက်ရှိ ဘိုးဘွားများထံ အိမ်တိုင်ရာ‌ရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ထောက်ပံ့ရာတွင် မိုင်းခတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ  ဒေါ်တင်ဝင်းရီနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက မြို့ပေါ်ရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှု‌ရေးပင်စင်များ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မိုင်းခတ်မြို့နယ်မှ ရပ်ကွက်(၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၂)အုပ်စုမှ အသက်(၈၅)နှစ်အထက်ဘိုးဘွားစုစုပေါင်း (၄၀)ဦးတို့အတွက် ထောက်ပံ့ငွေကျပ် (၁၂၀၀၀၀၀)ကို မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက်‌ ထောက်ပံ့‌ပေးအပ်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်