ကျိုင်းလပ် ဖေဖော်ဝါရီ ၉
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် အများပြည်သူများထံ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဉီးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၁၂-၂-၂၀၂၂ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင်ပြောကြားသည့် မိန့်ခွန့်မှ''ပြည်ထောင်စုစိတ်ဓာတ်'' ခေါင်းစဉ်ဖြင့် ကောက်နုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း ၂၀-၁-၁၉၄၆ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားသည့် မိန့်ခွန်းမှ ''အေးအတူပူအမျှ''ခေါင်းစဉ်ဖြင့်ကောက်နုတ်ချက်၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့ခေါင်းစဉ်ဖြင့် အသိပညာပေးအကြောင်းအရာများ၊ ၁၂-၂-၂၀၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြခဲ့သည့် ဖိုလေးလုံးသောင်းကိုကိုရေးသားသည့် ''စုဖွဲ့ပြည်ထောင်လှေတစ်စင်းရယ်နဲ့'' ခေါင်းစဉ်ဖြင့် ကဗျာနှင့်ကာတွန်းများစသည်ဖြင့် ကဏ္ဍစုံလင်စွာ ထည့်သွင်းဖော်ပြထားသည့် သတင်းစကားလက်ကမ်း စာစောင်များကို ကျောင်းသား၊ ကျောင်းသူများနှင့်အများပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နန္ဒာနိုင် (ပြန်/ဆက်)