ကော့မှူး၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ကော့မှူး ဖေဖော်ဝါရီ ၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်‌ရေးရာအသိပညာပေးဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ဘုရားလမ်းရပ်ကွက်မူလတန်းလွန်ကျောင်း(မူလွန်ပတုပ်)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာခြည်စိမ့်က ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအနေဖြင့် နောင်တစ်ချိန်တွင် တိုင်းပြည်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်သည့်အတွက် အနာဂတ်မျိုးဆက်သစ်များ အသိပညာဗဟုသုတများပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ပြည့်စုံစေရန်၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးစသည့် လူငယ်များနှင့်ပတ်သက်သောအကြောင်းအရာများအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးဒေါ်စန်းရီက လူငယ်နှင့်ပညာရေးအကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်များအသိပညာဗဟုသုတတိုး‌ပွားစေ‌ရေးအတွက် လူကုန်ကူးမှုတိုက်ဖျက်ရေးနံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များအား ပြသထားရာကျောင်းသား၊ ကျောင်းသူများစိတ်ပါဝင်စားစွာကြည့်ရှုနေကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)