ကျောက်ဆည်မြို့နယ်တွင်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ကျောက်ဆည်  ဖေဖော်ဝါရီ   ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီခွဲက ခရိုင်အဆင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မျိုးသိန်းက (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာရိုးရာ အကအလှများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကာတွန်း၊ ပန်းချီ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများတွင် ထူးချွန်သူများအား ထိုက်တန်စွာ ဆုများချီးမြှင့်သွားနိုင်ရေး ရှင်းလင်းပြောကြားခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန် ရှိသူများက အခမ်းအနားပြင်ဆင်ရေး၊ နေရာချထားရေးနှင့် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး စီမံ ဆောင်ရွက်ထာသည့် အခြေနေများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

သက်မောင်၊ကျောက်ဆည်