(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မုက္ကဒိ-မိကရင်ကမ်းနားလမ်း ကွန်ကရစ်လမ်းသစ်နှင့်ဆိုလာရေတင်စနစ်စက်ရေတွင်း(အိမ်သွယ်ရေတိုင်ရေပေးရေး)ဖွင့်လှစ်

ဘားအံ ဖေဖော်ဝါရီ ၉

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့်ဆောင်ရွက်သော မုက္ကဒိခေတ်မီစံပြကျေးရွာ(Smart Village) မုက္ကဒိ-မိကရင်ကမ်းနားလမ်း ကွန်ကရစ်လမ်းသစ်နှင့် ဆိုလာရေတင်စနစ်စက်ရေတွင်း၊ ရေစင်နှင့် အိမ်သွယ်ရေတိုင် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခန့်က အဆိုပါ လမ်းမုခ်ဦးတည်နေရာ၌ ကျင်းပခဲ့သည်။

ကွန်ကရစ်လမ်းသစ်နှင့် ဆိုလာရေတင်စနစ်စက်ရေတွင်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယခုကဲ့သို့ ကျေးရွာ၏မြေပြင်အမှန်လိုအပ်ချက်များကို ကျေးရွာသူ/သားများ ကိုယ်တိုင်ဖော်ထုတ်တင်ပြတောင်းခံကြပြီး တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် စိစစ်၍ ဘတ်ဂျက်လျာထား အကောင်အထည်ဖော်ပေးခြင်းနှင့် ကျေးရွာသူ/သားများကလည်း စိတ်အားထက်သန်စွာ ပူးပေါင်းလက်တွဲ ဆောင် ရွက်ခြင်းသည် ကောင်းမွန်သောအခြေခံလုပ်ငန်းစဉ် ဖြစ်ပြီး လက်တွေ့အကျိုးခံစားကြရ မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦး ရန်မျိုးနိုင်က မုက္ကဒိခေတ်မီစံပြကျေးရွာ (Smart Village) လုပ်ငန်းများဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူးက လမ်းနှင့်ရေပေးရေးလုပ်ငန်းဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်များအား လက်ရောက်ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မုက္ကဒိအခြေခံပညာအထက် တန်းကျောင်း အထွေထွေအသုံးစရိတ်အတွက် ငွေကျပ် ၅ သိန်းကို ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်ခဲ့ သည်။

ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ကွန်ကရစ်လမ်းသစ်နှင့် ရေပေးရေးလုပ်ငန်းတို့ကို ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြပြီး လမ်းသစ်နှင့်ရေပေးရေးလုပ်ငန်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယနေ့ဖွင့်လှစ်သည့် မုက္ကဒိ-မိကရင်ကမ်းနားလမ်းသည် အရှည် ၁ မိုင် ၀ ဒဿမ ၈၅ ဖာလုံရှိပြီး အကျယ် ၁၂ ပေ၊ ထု ၆ လက်မ ကွန်ကရစ်လမ်းသစ်အဖြစ် ပြည်နယ်ရန်ပုံငွေ ၁၇၂ ဒဿမ ၉၈၇ သန်း ဖြင့် ရွှေဖားစည်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဆိုလာစနစ်စက်ရေတွင်း (အိမ်သွယ်ရေ တိုင်ရေပေးရေး)လုပ်ငန်းကို ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ ၃၆ ဒဿမ ၅၀ သန်းဖြင့် ဓနဟိန်းလတ် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပြီးစီး၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)