လှည်းကူးမြို့နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများပြုလုပ်

လှည်းကူး ဖေဖော်ဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး လှည်ကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီအချိန်က ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေးအေးနွဲ့က မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို ကျောင်းသား/သူများအနေဖြင့် အစဉ်အမြဲ သိရှိစေရန်၊ နေ့ထူးနေ့မြတ်များအကြောင်း ဗဟုသုတရရှိစေရန်စဉ်းစားတွေးခေါ်မှု အားကောင်းစေရန် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး နောက် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ခုံလုပြိုင်ပွဲနှင့် ညဏ်စမ်းပဟေဠိပြိုင်ပွဲများ ဆက်လက်ဆောင်ရွက်ပေးရာ သာသနာ့ရိပ်သာရပ်ကွက်ရှိ ရန်ကင်းအခြေခံပညာ မူလတန်းလွန် ကျောင်းမှ ကျောင်းသား/သူ (၁၈) ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကိုလည်း ဆုများပေးအပ်ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)