ငါန်းဇွန်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကျင်းပ

ငါန်းဇွန် ဖေဖော်ဝါရီ ၈

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများသည် ပြည်သူ့စာကြည့်တိုက်အတွင်း၌ပြသထားသော စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာကြသည်။

ထို့နောက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းသိကောင်းစရာများ ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက စားသုံးသူကာကွယ်ရေး အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။              

သက်နောင်ဦး