သရက်ချောင်း ဖေဖော်ဝါရီ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (အ.ထ.က)သရက်ချောင်းကျောင်းမှ ကျောင်းသား/သူများအား (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းနှင့် နံရံကပ်စာစောင်များခင်းကျင်းပြသခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ပညာရတနာခန်းမ)၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၏အဓိပ္ပါယ်၊ ဗိုလ်ချုပ်အောင်ဆန်း ၂၀-၁-၁၉၄၆ ရက်နေ့တွင် ဖဆပလ အဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင်ပြောကြားသော မိန့်ခွန်းမှကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၂-၂-၂၀၂၂ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင်ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ “စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့” ဆောင်းပါး၊ ဆရာဖိုးလေးလုံးသောင်းကိုကို ရေးသားသည့် “စုဖွဲ့ပြည်ထောင်လှေတစ်စင်းရယ်နဲ့” ကဗျာ၊ “ပြည်ထောင်စုကြီးအဓွန့်ရှည်ဖို့ တို့ညီနောင် တိုင်းရင်းသားတို့ ထာဝစဉ်သွေးစည်းညီညွတ်ကြပါစို့” ကာတွန်းနှင့် ပြည်ထောင်စုနေ့နှင့် ပတ်သက်သော ဆောင်ပုဒ်များပါဝင်ပြီး အဆိုပါ သတင်းစကားလက်ကမ်းစာစောင်ကို ကျောင်းသား/သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏အတ္ထုပ္ပတ္တိ၊ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ၊ မိန့်ခွန်းကောက်နှုတ်ချက်များကို နံရံကပ်စာစောင်များဖြင့် ခင်းကျင်းပြသခဲ့ပြီး ကျောင်းသား/သူများ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်