လှိုင်းဘွဲ ဖေဖော်ဝါရီ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများ ပြည်ထောင်စုနေ့နှင့်ပတ်သက်၍ သိရှိနိုင်စေရန်နှင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားဦးတည်ချက်များကို သိရှိနိုင်စေရန်အတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ပြည်ထောင်စုနေ့နှင့်ပတ်သက်၍ ပြည်သူများ သိရှိနိုင်စေရန်အတွက် အသိပညာရေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွက်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန(အငြိမ်းစား) ဦးဋ္ဌေးဝင်းက ပင်လုံစာချုပ်ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုနေ့သတ်မှတ်ခဲ့ပုံ၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ တိုင်းရင်းသား စည်းလုံညီညွတ်ရေး၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်တို့၏ ဆွေးနွေးချက်များကို အသိပညာပေး ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးလင်းခိုင်က ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားဦးတည်ချက်များ၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ရှိခြင်းနှင့် ပြည်ထောင်စုစိတ်ဓာတ်ရှိခြင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
စောဒိ