ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှတာဝန်ယူဆောင်ရွက်သည့် စက်ရေတွင်းသစ်ဖွင့်ပွဲကို၊ ဖေဖော်ဝါရီ(၈) ရက်နေ့ နံနက်(၉)နာရီက ဆုံရွာကျေးရွာအုပ်စု၊ ကန်ရဲကျေးရွာရှိ အဆိုပါ စက်ရေတွင်းနေရာတွင်ပြုလုပ်ခဲ့ ကြောင်းသိရသည်။
အခမ်းအနားတွင် ကျောက်ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ဂုဏ်ပြုအမှာစကားပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက စက်ရေတွင်းတူးဖော်ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြော ကြားသည်။ဆက်လက်၍ တပ်နယ်မှူး ဗိုလ်မှူးကြီးဟိန်းဆက် နှင့်မြို့နယ်စီံမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တို့အား မြို့နယ်ဦးစီးမှူးက စက်ရေတွင်းဖွင့်ပွဲအထိမ်း အမှတ်အလံများကိုပေးအပ်ပြီး၊ ဦးစီးအရာရှိ ဦးတင်ကိုလတ်နှင့် ဦးစီးအရာရှိ(နည်းပညာ)ဒေါ်သီရိအောင်တို့က ညောင်ဦးခရိုင်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးခင်မောင်ကျော် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာတာဝန်ရှိသူများထံ အထိမ်းအမှတ်အလံများ လက်ဆောင်ပေးအပ်ကြသည်။ယင်းနောက် ကျေးရွာဒေသခံတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီး၊ စက်ရေတွင်းသစ်အား ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီးဟိန်းဆက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းလွင်၊ ညောင်ဦးခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ယင်းနောက် တပ်နယ်မှူးနှင့်တာဝန်ရှိသူများက စက်ရေတွင်း စက်လည်ပတ်နေမှုနှင့်ရေစုကန်အတွင်းမှ ရေခတ်ယူနေမှုအခြေအနေများကို ကြည့်ရှုအားပေးကြသည်။ ကန်ရဲကျေးရွာစက်ရေတွင်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၏၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်၊ ပြည်ထောင်စု ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ် ၃၃.၀၈ သန်းဖြင့် (၁၂-၈-၂၀၂၂)ရက်နေ့ တွင် စတင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး၊(၁၅.၁၀.၂၀၂၂)ရက်နေ့တွင် ၄ လက်မစက်ရေတွင်း ပေ ၇၀၀ တူးဖော်ခြင်းနှင့် ရေဂါလံ(၂၀၀)ဆံ့ ရေစုကုန်တည်ဆောက်ခြင်း၊ ၁၀ပေ-၈ပေ-၈ ပေ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများ အားလုံးပြီးစီးခဲ့ကြောင်းသိရသည်။အဆိုပါ စက်ရေတွင်း တူးဖော်ပြီးစီးမှုကြောင့် ကန်ရဲကျေးရွာရှိ အိမ်ခြေ (၆၃)အိမ် မှ လူဦး ရေ(၂၀၀)ကျော်တို့အနေဖြင့် ၊ ယခင်က သောက်သုံးရေအတွက်မိုးရေလှောင်ကန်ကိုသာ အားထားအသုံးပြုခဲ့ရာမှ ယခုအခါသန့်ရှင်းသောသောက်သုံးရေကို အလွယ်တကူ ရယူသုံးစွဲနိုင်ကြတော့မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါစက်ရေတွင်းဖွင့်ပွဲသို့ ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီးဟိန်းဆက်နှင့်တပ်နယ်တာ ဝန်ရှိသူများ၊ ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်၊ ကျောက်ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ဦးစီးမှူးဦးဇော်မင်းထွန်းနှင့်ဝန်ထမ်းများ၊ ကျေးရွာပြည်သူများ ကျောင်းသားကျောင်းသူများ စုစုပေါင်းအင်အား (၂၇၅)ဦးတက်ရောက်ခဲ့ကြကြောင်း သိရ သည်။
နေအောင်(ပြန်/ဆက်)