ပြည်ကြီးတံခွန်မြို့နယ်အ.ထ.က(ခွဲ)လ-၂၄ကျောင်းနှင့် အ.လ.ကကျောင်းများတွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ပြည်ကြီးတံခွန် ဖေဖော်ဝါရီ ၈

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က(ခွဲ)လ-၂၄ကျောင်းနှင့်အ.လ.က ၂၁ ကျောင်းများတွင် ခရိုင်ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်နှင့် ဝန်ထမ်းများက (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို သတင်း စကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့မွန်းလွဲ ၁နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင်ဗိုလ်ချုပ်အောင်ဆန်း၏ ၂၀-၁-၁၉၄၆ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားသောမိန့်ခွန်းမှကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၁၂-၂-၂၀၂၂ ရက်နေ့(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှ‌ ကောက်နုတ် ချက်၊(၇၆)နှစ် မြောက်ပြည်ထောင်စုနေ့အမျိုးသားရေး ဦးတည်ချက်များ၊ စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့ဆောင်းပါး၊ စစ်မှန်သောမျိုးချစ် စိတ်ဓာတ်၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စုဖွဲ့ပြည်ထောင် လှေတစ်စင်းရယ်နဲ့ကဗျာ၊ ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် ဆောင်ပုဒ်များနှင့်ကာတွန်းမျာပါဝင်ပြီး ကျောင်းသား၊ ကျောင်းသူများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်