ဒဂုံတောင် ဖေဖော်ဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အား/ ကာကော်မတီဥက္ကဋ္ဌဖလား ဌာနဆိုင်ရာ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ယနေ့ နံနက်(၀၈:၀၀)အချိန်က မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများဖြစ်ကြသော မြို့နယ်ပညာရေးရုံး ကိုယ်စားပြုအသင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ကိုယ်စားပြုအသင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ကိုယ်စားပြုအသင်းနှင့် မြို့နယ် Old Star အသင်းများက စတင်မိတ်ဆက်ပေးခဲ့ကြပြီး အဖွင့်ပွဲစဉ်အနေဖြင့် မြို့နယ်ပညာရေးကိုယ်စားပြုအသင်းနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြို့နယ်စည်ပင်သာယာအသင်းမှ ၄ဂိုး မြို့နယ်ပညာရေးအသင်းမှ ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနကိုယ်စားပြုအသင်းနှင့် Old Star အသင်းတို့ဆက်လက်ယှဉ်ပြိုင်ကြပြီး လာရောက်အားပေးကြသော ဧည့်ပရိတ်သတ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများ အချင်းချင်းတွေ့ဆုံ၍ အနိုင်ရရှိသော အမှတ်အများဆုံးအသင်းများအနေဖြင့် ဖေဖော်ဝါရီလ ၁၂ရက်နေ့ ပြည်ထောင်စုနေ့တွင် ဗိုလ်လုပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အနိုင်ရရှိသောအသင်းအား ဂုဏ်ပြုဆုငွေများ ထိုက်ထိုက်တန်တန်ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်မင်းဟန် (ပြန်/ ဆက်)