ငါန်းဇွန်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲ ကျင်းပ

ငါန်းဇွန်  ဖေဖော်ဝါရီ ၈

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများသည် ပြည်သူ့စာကြည့်တိုက်အတွင်း၌ ပြသထားသော စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာကြသည်။

ထို့နောက် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်း သိကောင်းစရာများ ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက စားသုံးသူကာကွယ်ရေး အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။             

သက်နောင်ဦး(ငါန်းဇွန်)