လမ်းမတော် ဖေဖော်ဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက လမ်းမတော်မြို့နယ် Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားအစီအစဉ်အရ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်လင်းယုလှိုင်ဝင်းမှ ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများက မိမိတို့ကြိုက်နှစ်သက်ရာ ပြည်ထောင်စုနေ့နှင့်ပတ်သက်ပြီး ဉာဏ်စမ်းပဟေဠိများအား ပြိုင်ပွဲဝင်ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လမ်းမတော်မြို့နယ်ရုံးမှ ပြသထားသော စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်ဆန်းမြင့်