ပုလောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေး Talk Show ပြုလုပ်

ပုလော  ဖေဖော်ဝါရီ လ   ၈

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး (Talk Show) အစီအစဉ်ကို ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) အတွင်း ဖေဖော်ဝါရီလ ၈ ရက်နေ့နံနက် ၉နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး အစီအစဉ်တွင် ဦးစီးအရာရှိ ဒေါ်အေးအေးမော်က (၇၆)နှစ်မြောက် ပြည်ထောင်စု နေ့အထိမ်းအမှတ်(အကြို) အသိပညာပေး (Talk Show) အစီအစဉ် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကြောင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်အေမီလှိုင်က မမေ့အပ်သည့် ပြည်ထောင်စုနေ့သမိုင်းကြောင်းနှင့် သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) အစီအစဉ်ကို ပုလောမြို့နယ်  We Love Palaw Page နှင့် ပုလောမြို့နယ် ပြည်သူ့စာကြည့်တိုက် Page တွင် ဆက်လက်ထုတ်လွှင့်ပေးမည်သွားဖြစ်ကြောင်း  သိရသည်။

အေးအေးမော်(ပုလော)