ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနား ညှိနှိုင်းအစည်းအဝေးကျင်းပ

ဒဂုံ ဖေဖော်ဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ပြည်သူ့ရင်ပြင်တွင် ယနေ့နံနက် ၈နာရီက (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြပွဲပြခန်းများ ဖွင့်လှစ်ထားရှိမှုနှင့် ပတ်သက်ပြီး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြား၍ တက်ရောက်လာကြသောဝန်ကြီး ဌာနအသီးသီးမှတာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာပြခန်းများမှ တာဝန်ရှိသူများ၊ MSME မှတာဝန်ရှိသူများ၊ စသည့်စုစုပေါင်းအင်အား (၉၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

ထို့​နောက် ဝန်ကြီးချုပ်ဦးစိုးသိန်းမှပြခန်းများ ခင်းကျင်းပြသမှု၊ စီစဉ်ဆောင်ရွက်ထားရှိမှု၊ ဖွင့်ပွဲအခမ်းအနား ကျင်းပရန်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။  

ထို့နောက်တက်ရောက်လာကြသော ပြပွဲ ပြခန်း ခင်းကျင်းပြသရေးအဖွဲ့များက ဆောင်ရွက်ထားရှိမှု အခြေအနေများအား ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိသည်။

ကြည်ဇေသော် (ပြန်/ ဆက်)