အမက-လော်စောဒေးကျောင်း၌ ၂၀၂၁-၂၀   ၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ပိုင်ကျုံ   ဖေဖော်ဝါဝါရီ   ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စု၊ လော်စောဒေးကျေးရွာ၊ အမက-လော်စောဒေးကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲ အခမ်း အနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ကျောင်းသား/သူများက မြတ်ဆရာသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီးနောက် လှိုင်းဘွဲမြို့နယ် ဒု-လက်ထောက်မြို့နယ်ပညာရေးမှူး ဒေါ်ချမ်းမြင့်မွန်က ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရာတွင် ရပ်ရွာဒေသအာဏာပိုင်များ၏ အခန်းကဏ္ဍများ ဆရာ/မများ၏ အခန်းကဏ္ဍများ ကျောင်းသား/သူများ အခန်းကဏ္ဍများနှင့် အခြေခံပညာ ကျောင်းများတွင် တက်ရောက်ပညာသင်ယူနေပြီး တစ်နှစ်တာကာလအတွင်း ထူးချွန်သည့် ကျောင်းသား/သူများအား ဂုဏ်ပြုသည့်အခမ်းအနားဖြစ်ကြောင်း ရှင်းလင်းအမှာစကား ပြော ကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၁-၂၀၂၂ပညာသင်နှစ်တွင် အောင်မြင်စွာဖြေဆိုနိုင်သည့် အမက-လော်စောဒေးကျောင်းမှကျောင်းသား/သူများနှင့် ဆရာ/မများအားဂုဏ်ပြုဆု လက် မှတ်များကို တာဝန်ရှိသူများတို့မှ အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်

ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားဖြစ်‌မြောက်ရေး အတွက် ဝိုင်းဝန်းကူညီ‌ ဆောင်ရွက်‌ပေးသူများအား ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူး တင်စကားပြောကြားပြီး  ကျောင်းသားလူငယ်များက သရုပ်ဖော်တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီး အခမ်းအနားတွင်ပိုင်ကျုံမြို့ရှိ ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ ကျောင်းသား /သူများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည် ။

နော်ခူး(ပြန်/ဆက်)