သံတောင်ကြီး ဖေဖော်ဝါရီ ၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သံတောင်ကြီးမြို့ပြည်သူ့ဆေးရုံတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအားဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက် သိုး၊ဂျပန်ဦးနှောက်၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)စသည့် ကာကွယ်ဆေးများကို ကျန်းမာရေး ဆရာမဒေါ်ဇင်ဇင်မြင့်နှင့် ကျန်းမာရေးဝန်ထမ်းများကထိုးနှံ တိုက်ကျွေးပေးခဲ့ကြောင်းသိရသည်။
စောမင်းသား(ပြန်/ဆက်)