ပင်းတယမြို့နယ်၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

ပင်းတယ ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍လူငယ် အသိပညာပေးဟော‌ပြောပွဲကို ယနေနံနက် ၁၀ နာရီက သရက်ကုန်း အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးအောင်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားပေးသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်မှ ကျောင်းစာအပြင် စာပေဗဟုသုတများရရှိစေရန် အားလပ်တဲ့အချိန် စာပေကိုဖတ်ရှု့လေ့လာသင့်ကြောင်း၊ "စာအုပ်စာပေ လူ့မိတ်ဆွေ"ဆိုသည့်အတိုင်း စာပေဖတ်ရှုခြင်းဖြင့် အမှားအမှန် အကောင်းအဆိုးအကောင်းအကျိုး ပိုမိုသိရှိလာမှာဖြစ်ကြောင်းစသဖြင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောသည်။

အဆိုပါဟောပြောပွဲအပြီးတွင် စာအုပ်၊ စာစောင်များ၊ မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များအား ပြသပေးခဲ့ရာ ကျောင်းသား/သူများ စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)